Make a blog

Khant-Lay

2 years ago

(အချစ်ရဲ့အနမ်းတစ်ပွင့်) ဝေးရပ်ကချစ်သူရယ် တွေ့ခဲ့တာမကြာသေးပေမယ့် ခင်တွယ်မှုလေးတွေနဲ့ ရှင်သန်လာတဲ့သံယောဇဉ်တွေကို ရစ်ဖွဲ့နေမိမှတော့ ငါမဖြတ်တောက်ချင်တော့ပါဘူး....။ မဖွင့်ဟနိုင်သေးတဲ့ ငါ့ရင်ထဲကအချစ်တွေကို နင်သိနိုင်ပါစေရယ်လို့ ဆုတောင်းမိတာကလဲ ညညရဲ့လမင်းကြီးသာ အသိဆုံးပါဟာ.........။ ဒီနေ့နင်ပျော်ရွှင်ရဲ့လား ဒီနေ့နင်ဘာတွေလုပ်နေသလဲ ဒီနေ့နင်နေကောင်းရဲ့လားလို့ တွေးတွေးနေမိတာကလဲ အခါခါပါလမင်းရယ်....။ စွဲလန်းနေမိတဲ့နှလုံးသားတစ်ခုရဲ့ တောင်းတမှုက ဟိုးအဝေးဆုံးကနင့်ကို ငါ့အနားရှိနေစေချင်တာပါ.....။ ခိုဝင်လှည့်ပါလို့အော်ခေါ်နေတဲ့ ရင်ဘတ်ထဲကနှလုံးသားရဲ့ ရင်ခုန်သံစည်းချက်တွေက မညီမညာနဲ့သံစဉ်တွေထွက်ပေါ်နေတယ်။ အခါတစ်ရာမက ဆိုညည်းဖူးတဲ့အချစ်သီချင်းက ရင်ထဲမှာနင့်သီးလှတယ်ချစ်သူ...။ အပူမီးတစ်ခုလိုခံစားနေရတဲ့ အချစ်ဆိုပေမယ့်လည်း နင်ဟာငါ့ရဲ့ကောင်းကင်ကလမင်းလေးမို့ ရင်ထဲမှာအေးချမ်းလှပါတယ်ကွယ်....။ ဝေးမှန်းလည်းသိနေလျက် ခြားနားမှန်းလည်းသိနေလျက် မဖြစ်နိုင်မှန်းလည်းသိနေလျက် မဆုံးစည်းနိုင်မှန်းလည်းသိနေလျက်နဲ့ ရူးမိုက်စွာချစ်နေမိတာကတော့ နင်ဟာငါ့ရဲ့အနက်ရှိုင်းဆုံးချစ်သူမို့ပါ...။ နင်သိစေချင်တာတစ်ခုကတော့ ရင်ထဲမှာနင်ရှိနေသရွေ့ လမင်းဟာငါ့အတွက်သာနေအုံးမယ်ဆိုတာ ကြယ်ကလေးတွေက သက်သေပြနေပါလေ့မယ်.....။ ငါချစ်တာနင်သိနေတယ်ဆိုရင်လည်း နင့်ရင်ထဲကနှလုံးသားနဲ့ ဆုံးဖြတ်တည်ဆောက်ပြီးမှ မမုန်းတတ်တဲ့ငါ့နှလုံးသားကို အချစ်ရဲ့အနမ်းတစ်ပွင့်တော့ ခြွေခဲ့လိုက်ပါလမင်းရယ်.......။ ခန့်လေး